ဩစတြေးလျနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှုလက္ခဏာများတွေ့ရှိရသောကြောင့် ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားနယ်မှ ကြက်နှင့်ဥထွက်ပစ္စည်းများတင်ပို့မှုကို အမေရိကန်နိုင်ငံက ကန့်သတ်ထားသည်။
မေလ ၂၂ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော အဆိုပါတားမြစ်ချက်တွင် ကြက်များ၊ စီးပွားဖြစ်ငှက်များ၊ ဥများနှင့် ငှက်ကုလားအုတ်များပါဝင်သည်။ ပြုပြင်မွမ်းမံထားသော ကြက်၊ ငှက်နှင့် ဥထွက်ပစ္စည်းများ၊ မှိုထွက်ကုန်များအပြင် အခြားလတ်ဆတ်သော ကြက်ထွက်ပစ္စည်းများလည်းပါဝင်သည်။
ဩစတြေးလျနိုင်ငံရှိ ကလေးငယ်တစ်ဦးသည် အိန္ဒိယနိုင်ငံမှ H5N1 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကြက်ငှက်တုပ်ကွေးကူးစက်ခံရသော ပထမဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ပြန်လည်သက်သာလာပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါကန့်သတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုရက်သတ္တပတ်အတွင်း၌ပင် H7N3 နှင့် H7N9 ဟုသိကြသော ကြက်ငှက်တုပ်ကွေးမျိုးကွဲများကို ဗစ်တိုးရီးယားကြက်ခြံ(၂)ခြံရှိ ကြက်များတွင် ကူးစက်နေကြောင်ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် အမေရိကန်လယ်ယာအေဂျင်စီသည် ဗစ်တိုးရီးယားပြည်နယ်မှလွဲ၍ အခြားသောဩစတြေးလျနိုင်ငံရှိ ပြည်နယ်များတွင် ကြက်ငှက်တုပ်ကွေးရောဂါမရှိဟုမှတ်ယူထားကာ အိမ်မွေးတိရစ္ဆာန်များနှင့် တိရစ္ဆာန်ရုံမှငှက်များအား ခွင့်ပြုချက်ဖြင့် တင်သွင်းနိုင်ပြီး ပိုင်ယာမီနှင့် နယူးယောက်ရှိ တိရစ္ဆာန်ထိန်းသိမ်းရေးစင်တာများတွင် ရက်(၃၀)ကြာ Quartine ထားရှိရမည်ဖြစ်သည်။
ထိုသို့ တိရစ္ဆာန်များနှင့်လူများတွင် ဗိုင်းရပ်စ်ဖြစ်ပွားမှုများတိုးလာသော်လည်း ဩစတြေးလျနှင့် အမေရိကန်ကျန်းမာရေးတာဝန်ရှိသူများက အများပြည်သူများအား အန္တရာယ်နည်းပါးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဩစတြေးလျကြက်ငှက်များအား ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့မှုအနည်းငယ်သာရှိပြီး ထိုတင်ပို့မှုအများစုမှာ ပါပူဝါနယူးဂီနီနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ သမုဒ္ဒရာပိုင်းနိုင်ငံများသို့ တင်ပို့မှုရှိ ကြောင်းသိရသည်။ USDA ၏ အချက်အလက်များအရ လွန်ခဲ့သည့်နှစ်အတွင်း အမေရိကန်သည် ဩစတြေးလျမှ အမဲသား၊ ဆိတ်၊ သိုးသားအများစုကိုတင်သွင်းခဲ့သည်။
ကမ္ဘာ့အခြားနေရာများတွင် ကြက်ငှက်တုပ်ကွေးပေါ်ပေါက်လာသည်နှင့်အမျှ အမေရိကန်ပြည်ထောင်စုသည် နို့စားမွေးမြူရေးလုပ်ငန်းရှင်များအတွက် ဇီဝလုံခြုံရေးအစီအစဉ်များချမှတ်ကာ နွားများအား ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကိုတားဆီးရန် စမ်းသပ်မှုများတိုးချဲ့လုပ်ဆောင်လျက်ရှိသည်။
မတ်လနှောင်းပိုင်းမှစတင်၍ ပြည်နယ် ၉ခုရှိ နွားအကောင်ရေ ၆၄ကောင်ခန့်တွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ကြောင်း USDA မှသိရသည်။ လွန်ခဲ့သောသီတင်းပတ်က မစ်ရိအန်ပြည်နယ်ရှိ လယ်သမားတစ်ဦးအပါအဝင် လယ်သမားနှစ်ဦးသည် ကြက်ငှက်တုပ်ကွေးကူးစက်ခံခဲ့ရပြီး အပျော့စားမျက်လုံးလက္ခဏာများပြသပြီးနောက် ပြန်လည်သက်သာလာခဲ့သည်။ ထို့နောက် အမေရိကန်နှင့်ဥရောပတို့သည် လယ်ယာအလုပ်သမားများကို ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်သည့် ကာကွယ်ဆေးများထုတ်လုပ်ရန် အစီအစဉ်များတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
Source: agriculturedive.com
DOCA(ရန်ကုန်)