Main menu

စင်္ကာပူ၏ OBOC ဘဏ်သည် ဟောင်ကောင်၊ မကာအိုတွင် အမေရိကန်ဒေါ်လာ ၁၉၂သန်း ရင်းနှီးမြှုပ်နှံထားကြောင်း CEO Helen Wong ကပြောကြားခဲ့

Powered by Drupal

     စင်္ကာပူဘဏ်လုပ်ငန်းကုမ္ပဏီကြီး OCBC Group သည် ဟောင်ကောင်နှင့်မကာအိုတို့တွင် ဒေါ်လာ ၁.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉၂သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ၎င်း၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းနှင့် ရုံးခန်းများကို အဆင့်မြှင့်တင်ရန်အတွက် ကြီးထွားလာနေသောဘဏ်လုပ်ငန်းနှင့် ချမ်းသာကြွယ်ဝမှုဆိုင်ရာစီမံခန့်ခွဲမှုနှင့်အခွင့်အလမ်းများကို ပစ်မှတ်ထားနေ ကြောင်း ၎င်း၏ CEO က မေလ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်။

        ဟောင်ကောင်နှင့်မကာအိုရှိ OCBC ၏ အဓိကဘဏ်လုပ်ငန်းစနစ်သို့ နည်းပညာအဆင့်မြှင့်ခြင်းသည် ဟောင်ကောင်ဒေါ်လာ ၁ဘီလီယံအထိကုန်ကျမည်ဖြစ်သည်။ ၎င်းသည် ဉာဏ်ရည်တု (AI) နှင့် စက်သင်ယူမှုတို့ကို ပိုမိုအသုံးပြုလာပြီး အွန်လိုင်းတွင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပိုမိုရရှိလာမည်ဖြစ်သည်။ နောက်ထပ် ဟောင်ကောင်ဒေါ်လာသန်း ၅၀၀ကို ဘဏ်ရုံးများအဆင့်မြှင့်တင်ရန်နှင့် မြို့နှစ်မြို့ရှိ ဘဏ်ခွဲကွန်ရက်မြှင့်တင်ရန်တို့အတွက် အသုံးပြုမည်ဖြစ်သည်။

         “ဒီနည်းပညာနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လုပ်ဆောင်ပြီးသွားတဲ့အခါ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစွမ်းရည်က သိသိသာသာတိုးတက်လာမှာပါ။ ဒါက ကျွန်ုပ်တို့ရဲ့ ဖောက်သည်တွေကို အွန်လိုင်းဘဏ်လုပ်ငန်းနဲ့ကုန်သွယ်မှုကို ပိုမိုမြန်ဆန်ထိရောက်စွာလုပ်ဆောင်နိုင်စေမှာပါ” ဟု Group CEO Helen Wong က ဟောင်ကောင်တွင် ဗုဒ္ဓဟူးနေ့ ၂၉ရက်နေ့ကပြုလုပ်ခဲ့သော မီဒီယာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

         ရင်းနှီးမြှုပ်နှံမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မတ်လတွင်  OCBC သည် ၎င်း၏ရုံးခန်းအသစ်အတွက် ဟောင်ကောင်၊ Kai Tak ရှိ Nan Fung Group မှအသုံးပြူသည့် Airside တွင် 54800 စတုရန်းပေကို ငှားရမ်းခဲ့သည်။

          OCBC ကို ၁၉၃၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်းမှာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးဘဏ်ဖြစ်သည်။ ၎င်း၏အဓိကဈေးကွက်များတွင် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်ပြည်မကြီးတို့ပါဝင်ပြီး စင်္ကာပူနှင့် ဟောင်ကောင်တို့မှာ ၎င်း၏လုပ်ငန်းကိုလည်ပတ်ရန် အချက်အခြာနေရာနှစ်ခုဖြစ်သည်။

         OCBC သည် ဟောင်ကောင်၊ တရုတ်ပြည်မကြီးနှင့် မကာအိုတို့တွင် မကြာသေးမီနှစ်များအတွင်း ၎င်း၏ငွေပေးငွေယူဘဏ်လုပ်ငန်းစွမ်းရည်ကိုတိုးမြှင့်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း OCBC Hong Kong ၏ အကြီးအကဲနှင့် အမှုဆောင်အရာရှိချုပ် Wang Ke က  အလားတူရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

        ၎င်း၏ တိုးချဲ့မှုအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် OCBC သည် တစ်ဦးချင်းဖောက်သည်များအား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပိုမိုပံ့ပိုးပေးနိုင်ရန်နှင့် ၎င်း၏နည်းပညာစွမ်းရည်များကိုအဆင့်မြှင့်တင်ရန် လာမည့်သုံးနှစ်အတွင်း တရုတ်နိုင်ငံတွင် ဝန်ထမ်းအသစ် ၃၀၀ခန့်ခန့်အပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

         Green Finance သည် ကုမ္ပဏီငယ်များနှင့် ကုမ္ပဏီကြီးများအတွက် ရေရှည်တည်တံ့သောငွေကြေးကို ပံ့ပိုးပေးသည့်ဘဏ်၏ နောက်ထပ်တိုးတက်မှုနယ်ပယ်တစ်ခုဖြစ်သည်။

          OCBC သည် ဟောင်ကောင်‌ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများနှင့် တရုတ်နိုင်ငံ၏ အကြီးဆုံးလေအားလျှပ်စစ်ထုတ်လုပ်သူများအတွက် ချေးငွေများစီစဉ်ပေးထားကြောင်း Wang က ပြောကြားခဲ့သည်။

Source: South China Morning Post

DOCA(ရန်ကုန်)