စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်ခရိုင်၊ ပြည်မြို့၊ မြို့ပေါ်ကလေးသုံးပစ္စည်းအရောင်းဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် မြို့ပေါ်ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ကြာနီကန်ရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ မြို့ပေါ်ကုန်စုံဆိုင်နှင့် ပန်းတောင်းဈေးရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ဥသျှစ်ပင်မြို့၊ ကလေးသုံးပစ္စည်းအရောင်းဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့၊ မြို့ပေါ်စတိုးဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)