![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၃၈_0.jpg?itok=-n0dkCq8)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသော ဆိုင်များသို့ (၃၁-၅-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် ကလေးအသုံးအဆောင်ပစ္စည်းများဖြစ်သော လက်တွန်းလှည်း၊ ကလေးစီးသောကွင်း၊ အရုပ်များကိုစစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းကိုအသုံးပြုရာတွင်ကလေးအတွက်အန္တရာယ်မဖြစ်နိုင်သော ကြိုတင်သတိပေးချက်များပါရှိရမည်ဖြစ်ပြီး စတိုးဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပါရှိမှသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။
DOCA(ပဲခူး)