Main menu

ဆန်ဆိုင်များနှင့် ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်း(၂)ဦး၊ ဘုရင့်နောင်ဈေး စည်ပင်ဌာနမှ ဦးကျော်မင်းဦး၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဒေါ်သဇင်အေးတို့ပူးပေါင်းပါဝင်လျက် ၂၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဈေးအတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များဖြစ်သော CSW ပွဲရုံ၊ ရွှေစွမ်းအားပွဲရုံ၊ မြဂုဏ်ရည်ပွဲရုံတို့အား ရောင်းချသည့်ဆန်အမျိုးအစား၊ ဝယ်ယူသည့်အိတ်၊ ရောင်းချသည့်အိတ်၊ လက်ကျန်အိတ်၊ ဆန်များဝယ်ယူရရှိသည့်ရက်စွဲ၊ ဝယ်ယူသည့်နေရာ၊ သိုလှောင်သည့်နေရာ၊ ယခုအပတ်ရောင်းဈေးနှင့် ယခင်အပတ်ရောင်းဈေးများကိုစစ်ဆေးခဲ့ရာ ထူးခြားစွာပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်းရောင်းဝယ်လျက်ရှိပါသည်။ ဆန်များမှာယူရာတွင်လည်း ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် နေရာစုံမှ မှာယူကြောင်း၊ ဈေးနှုန်းမှာလည်း တစ်ပတ်နှင့်တစ်ပတ် အများအပြားပြောင်းလဲမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)