စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး (ရုံးအုပ်) ဦးဆောင်၍ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၃)ဦး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (၃)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (၃)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း ပါဝင်၍ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော အခြေခံစားသောက်ကုန်များတွင်ပါဝင်သည့် စားအုန်းဆီ၊ စားသုံးဆီအမျိုးမျိုးတို့ကိုစစ်ဆေးခဲ့ရာ စားအုန်းဆီကို သတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချပြီး စားသုံးဆီအမျိုးမျိုးတွင်လည်း ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်း၊ ဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းတို့ကိုစစ်ဆေးတွေ့ရှိရပြီးနောက် စားသုံးသူပြည်သူများထံသို့ နေ့စဉ်လက်ဝယ်ရရှိအောင် ရောင်းချပေးရန်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)