Main menu

ဘုရင့်နောင်ဈေးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၅-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၊ နံနက် (၁၀း၃၀) နာရီအချိန်နှင့် နံနက် (၁၁း၀၀) နာရီအချိန်တို့တွင် ဘုရင့်နောင်ဈေးအတွင်းရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရခြင်းမှာ ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်ရေး ကြပ်မတ်ဆောင်ရွက်နိုင်စေရန်ဖြစ်ပြီး ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းရှိ/မရှိကို ဘုရင့်နောင်ဈေးကြီးအတွင်းရှိ အောင်ချမ်းသာဆန်ဆိုင်၊ လွင်ပြည်ဆန်ဆိုင်နှင့် အောင်လံတော်ဆန်ဆိုင်တို့သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)