Main menu

တောင်ဒဂုံမြို့နယ်ရှိ ရွှေအိုးဆေးဆိုင်နှင့် သစ်ခွဆေးဆိုင်တို့အား သွားရောက်စစ်ဆေးခြင်း

Powered by Drupal

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ၄-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင်  တောင်ဒဂုံမြို့နယ်၊ အမှတ်(၁၆)၊ ပြည်ထောင်စုလမ်း၊ (၃၄)ရပ်ကွက်ရှိ  ရွှေအိုးဆေးဆိုင်မှ   ဆိုင်တာဝန်ခံ ဒေါ်ဂျင်မီမီထွေးနှင့် နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ် (၈၇၁/ခ)၊ မြိတ်လမ်း၊ သစ်ခွဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်တင်ဇာမော်တို့နှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် ရွှေအိုးဆေးဆိုင်အတွင်း၌ ဆေးဝါးများ(၂၀၀)ကျော်ရှိကြောင်း၊ ရောင်းအားကောင်းသောဆေး(၁၅)မျိုးရှိကြောင်း၊ အဆိုပါဆေးများကို DKSH, SUM စသည့်ဆေး ကုမ္ပဏီများမှဝယ်ယူရောင်းချကြောင်း၊ သစ်ခွဆေးဆိုင်အတွင်း၌မူ ဆေးဝါးများ (၁၀၀) ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို Mega, AA  စသည့်ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချကြောင်း၊ ၎င်းဆေးဆိုင်များမှာ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅% အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)