Main menu

ဗီယက်နမ်နိုင်ငံ၌ ဆန်ဈေးနှုန်းများကျဆင်း

Powered by Drupal

ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့သည့် ဗီယက်နမ်ဆန်ဈေးနှုန်းသည် ယခုအခါ ဆဋ္ဌမနေရာသို့ ကျဆင်းသွားခဲ့သည်။ ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်မှာ မေလ ၃၀ ရက်နေ့၌ တစ်တန်လျှင် ၅၇၄ ဒေါ်လာ ဈေးရရှိခဲ့ပြီး အမေရိကန်၊ ထိုင်း၊ ပါကစ္စတန်၊ မြန်မာနှင့် အိန္ဒိယတို့ထက် လျော့နည်းခဲ့ကြောင်း ဗီယက်နမ်စားသောက်ကုန်လုပ်ငန်းအသင်း၏ ဖော်ပြချက် အရ သိရသည်။

   ဗီယက်နမ်ဆန်ဈေးနှုန်းများသည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် သမိုင်းဝင်စံချိန်တင်ဈေးနှုန်းမှ ၁၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြိုင်ဖက်ဖြစ်သည့် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက ၇.၄ ရာခိုင်နှုန်း လျော့နည်းလျက်ရှိသည်။ 

    ဆန်တင်ပို့ရောင်းချသည့် Co May ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dinh Ngoc Tam က မိမိတို့ကုမ္ပဏီတွင် ကုန်လက်ကျန်အများအပြားရှိနေသောကြောင့် ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ Orico ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Nguyen Viet Anh က ဗီယက်နမ်တွင် ဆန်ရောင်းလိုအားမြင့်မားနေပြီး ဆန်ဈေးနှုန်းများမှာ အချိန်အတော် ကြာ မြင့်တက်နေပြီးနောက် ကျဆင်းလာခဲ့သည်ဟု ပြောကြားခဲ့သည်။

    အခြားနိုင်ငံအများအပြားတွင်လည်း ဆန်ဈေးနှုန်းကျဆင်းနေပြီး အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု ပြန်လည်စတင်ပါက ယခုထက်ပိုမိုကျဆင်းနိုင်ကြောင်း အခြားဆန်တင်ပို့သူများက ပြောဆိုကြ သည်။ အမေရိကန်ပြည်ထောင်စုကမူ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆန်လိုအပ်မှုမှာ ဆက်လက် မြင့်တက်နေမည်ဟု ခန့်မှန်းထားသည်။

     မကြာသေးမီက ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့မှုကို စုံစမ်းစစ်ဆေးရန် ဗီယက်နမ်စားသောက်ကုန်လုပ်ငန်းအသင်းအား ညွှန်ကြားထား ပြီး ဈေးနှုန်းများ အလွန်နိမ့်ကျမှုရှိပါက ယှဉ်ပြိုင်မှုဥပဒေကို ဖောက်ဖျက်ရာရောက်နိုင်ကြောင်း သတိပေးထားသည်။ ဗီယက်နမ်နိုင်ငံမှ Loc Troi Group သည် အင်ဒိုနီးရှားနိုင်ငံပိုင် Perum Bulog ထံသို့ ဆန်တင်ပို့ရန်အတွက် ဆန် ၁ တန်လျှင် ၅၆၃ ဒေါ်လာနှုန်းဖြင့် လေလံအောင်မြင်ခဲ့ခြင်းဖြစ် သည်။ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ပထမ ၅ လအတွင်း ဆန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် တန်ဖိုးအားဖြင့် ၃၄.၈ ရာခိုင်နှုန်း ပိုမိုလျက် ဒေါ်လာ ၂.၃ ဘီလီယံအထိ မြင့်တက်ခဲ့သည်။

Source: VnExpress International, 1 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)