Main menu

တောင်ဒဂုံမြို့နယ်ရှိ ကြည်စင်သစ်အထူးကုဆေးခန်းနှင့် ရတနာအထူးကုဆေးရုံရှိ ဆေးကောင်တာမှဆေးဝါးများအား သွားရောက်စစ်ဆေးခြင်း

Powered by Drupal

    ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် တောင်ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၅-၆-၂၀၂၄ ရက်နေ့၊  နံနက် (၁၁:၃၀) နာရီအချိန်တွင်  အမှတ် (၉၅)၊ စည်ပင်လမ်း၊ တောင်ဒဂုံမြို့နယ်၊ကြည်စင်သစ်အထူးကုဆေးခန်းရှိ ဆေးကောင်တာမှဆေးဝါးများနှင့်   နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် ‌တောင်ဒဂုံမြို့နယ်၊ ရတနာအထူးကုဆေးရုံရှိ ဆေးကောင်တာမှဆေးဝါးများကိုစစ်ဆေးရန် ဆိုင်တာဝန်ခံတို့နှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ကြယ်စင်သစ်အထူးကုဆေးခန်း၏ ဆေးကောင်တာအတွင်းရှိ ဆေးဝါးများကို Mankind,T.T.O  စသည့်ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချကြောင်း၊ အစာအိမ်ဆေး၊ သံဓာတ်အားဆေး၊ အကိုက်အခဲပျောက်ဆေးများကို အများဆုံးသုံးရကြောင်းနှင့် ရတနာအထူးကုဆေးရုံ၏ ဆေးကောင်တာမှ ဆေးဝါးများကို AA, Pecific, DKSH, Mega  စသည့်ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချကြောင်း၊ ဟော်မုန်းဆေး၊ ကိုယ်ဝန်ဆောင်အားဆေး၊ သွေးတိတ်ဆေး၊ အအန်ပျောက်ဆေး၊ သွေးကျဆေး၊ နှလုံးဆေး၊ အစာအိမ်ဆေး၊ သံဓာတ်အားဆေး၊ အကိုက်အခဲပျောက်ဆေးများကို အများဆုံးသုံးရကြောင်း၊   ပစ္စည်းပြတ်လပ်မှုမရှိကြောင်းဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)