Main menu

မကြီးကန်ကျေးရွာ၏ မိုးနှမ်းစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ မကြီးကန်ကျေးရွာတွင် မိုးနှမ်းကိုကြဲပက်စနစ်ဖြင့် ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)မှစတင်၍ တောင်သူ(၃၀၀)ဦးမှ စိုက်ဧက (၇၀၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

    (၁)ဧကလျှင် မျိုး(၄)ပြည်ခွဲခန့်ကုန်ကျကာ ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ ၎င်းအနေဖြင့်နှမ်းနက် (၃)ဧကခန့်စိုက်ပျိုးထားပြီး မျိုးကိုဝယ်စရာမလိုဘဲ ယခင်နှစ်က မျိုးအဖြစ်ဖယ်ချန်ထားသော နှမ်းစေ့များကိုသာပြန်လည်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က ကျပ်(၂၅၀၀၀၀)ခန့်သာကုန်ကျခဲ့ပြီး ယခုနှစ်တွင် စိုက်ပျိုးစရိတ်မြင့်တက်လာ၍ လုပ်အားခ၊ မြေပြုပြင်ခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၆)တင်းထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် (၁၃၀၀၀၀) ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသောနှမ်းများကို မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချပါကြောင်း မကြီးကန်ကျေးရွာနေ မိုးနှမ်းစိုက်တောင်သူ ဦးစိုးထံမှ သိရှိရပါသည်။

DOCA(မကွေး)