Main menu

၂၀၂၄-ခုနှစ်၊ မေလအတွင်း မကွေး၊ ချောက်ခရိုင်၏စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး၊ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်သည့် တားမြစ်ထားသောကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

     မကွေး၊ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄-ခုနှစ်၊ မေလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၁၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ် (၇) ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၃)ကြိမ်၊ မြို့သစ်မြို့နယ် (၂)ကြိမ်၊ နတ်မောက်မြို့နယ် (၂)ကြိမ်၊ ချောက်မြို့နယ် (၃)ကြိမ်၊ ရေနံချောင်းမြို့နယ် (၂)ကြိမ်၊ စုစုပေါင်း(၁၉)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)