Main menu

စားသုံးသူပြည်သူများအား စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် (၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့်အတူ ပွင့်ဖြူမြို့ပေါ်ရှိစားအုန်းဆီများ လက်လီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့စစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်အတွင်း စားအုန်းဆီများထုတ်ယူရောင်းချနေသော ဆီကုန်သည်(၉)ဦး၏ စားသုံးသူပြည်သူများအား စားအုန်းဆီရောင်းချပေးနေမှုအခြေအနေများ၊ သတ်မှတ်ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ဗီနိုင်းများချိတ်ဆွဲရေးသားဆောင်ရွက်နေမှုအခြေအနေများ၊ အ‌လေးချိန်နှင့်သတ်မှတ်အရေအတွက် ပြည့်ဝစွာရောင်းချပေးခြင်းရှိ/ မရှိအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ဈေးနှုန်းအတိုင်းမရောင်းချဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားရှိခြင်းများစုံစမ်းတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆိုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)