Main menu

ကံမမြို့တွင် ပလတ်စတစ် (Campaign)နှင့် ဈေးကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်လီ၊လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူးဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည်(၆-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးကမ်ပိန်း (Campaign)ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအားဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

   ဆက်လက်၍ နံနက်(၀၈:၀၀)နာရီအချိန်တွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကံမမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၁)၊ (၃)ရပ်ကွက်များရှိ စားအုန်းဆီဖြန့်ဖြူး ရောင်းချသည့် လက်လီ၊လက်ကားအရောင်းဆိုင်(၅)ဆိုင်များတွင် စားအုန်းဆီများအားသတ်မှတ် ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ၊ လက်ကားဆိုင်များတွင် ဗီနိုင်းများချိတ်ဆွဲ၍ ဈေးနှုန်းများချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိတို့အား ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားအုန်းဆီရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ  ပြစ်မှုပြစ်ဒဏ်များအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချစေရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ပါသည်။

DOCA(မကွေး)