Main menu

ကံမမြို့နယ်တွင် စက်သုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူးဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည်(၆-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကံမမြို့နယ် ကျွန်းကလေးအုပ်စု၊ ကျွန်းကလေးကျေးရွာ၊ ဦးဝင်းထက်ဇော် (ထိပ်တန်း) စက်သုံးဆီဆိုင်သို့ စက်သုံးဆီများဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်၌ သတ်မှတ်ထားသည့်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ သုံးစွဲသူပြည်သူအများ စက်သုံးဆီဝယ်ယူမှုအဆင်ပြေစေရေး၊ စက်သုံးဆီများဖြန့်ဖြူးရောင်းချရာ၌ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှအခြေခံသတ်မှတ် ရည်ညွှန်းဈေး ထက်ပိုမိုဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ နေ့စဉ်ရောင်းချဖြန့်ဖြူးနေသည့် စက်သုံးဆီဈေးနှုန်းများအား အများပြည်သူများသိရှိစေရန် (LED Board)ဖြင့် ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေးနှင့်ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းများမြှင့်တက်နေခြင်း၊ စက်သုံးဆီပြတ်လပ်မှုများရှိနေသည့်အတွက် သုံးစွဲသူအများပြည်သူများ လွယ်လင့်တကူဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီဈေးနှုန်းများအား သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်နှင့် ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုများကိုလည်း ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်သဖြင့် သတိပြုရောင်းချသွားရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)