Main menu

“မိတ္ထီလာခရိုင်အတွင်း ဝါကြိတ်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး’’

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း သည် (၂၃-၂-၂၀၂၂) ရက်နေ့ နေ့လည် ( ၁၀:၀၀ ) နာရီ အချိန်တွင် မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာရှိ ဝါကြိတ်စက်လုပ်ငန်းရှင် ဦးတင်မောင်းအေးနှင့်တွေ့ဆုံ၍ ဝါဝယ်ယူရရှိမှု၊ ကုန်ချောဝါဂွမ်းနှင့် ဝါစေ့ဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ဝါကုန်ကြမ်းကို မလှိုင်မြို့နယ်အတွင်း ကျေးရွာများရှိ ဝါစိုက်တောင်သူများမှ တိုက်ရိုက်လာ‌‌ရောက် ရောင်းချကြကြောင်း၊ မြို့ပေါ်ပွဲရုံများမှ တဆင့်လာရောက်ရောင်းချကြကြောင်း၊ ဝါဝယ်ကြိတ်ခွဲရသည့်ကာလ နိုဝင်ဘာလမှစတင်၍ ဖေဖော်ဝါရီ၊ မတ်လ လဆန်းပိုင်းအထိဖြစ်ပြီး ယခုနှစ်တစ်ရာသီ ဝါကုန်ချိန် တစ်သိန်းခွဲ ခန့်ကြိတ်ခွဲရကြောင်း၊ ဝါ ၁၀၀ ပိဿာကို ကြိတ်ခွဲလျှင် ဝါဂွမ်း (ပျမ်းမျှ) ၃၁ ပိဿာ၊ ဝါစေ့ ၆၅ ပိဿာထွက်ရှိပြီး အလေအလွင့် ၄ ပိဿာခန့်ရှိကြောင်း၊ ဝါဂွမ်း ၁ ပိဿာလျှင် ၄၂၀၀ ကျပ်မှ ၅၆၀၀ ကျပ်ထိရှိပြီး ချည်ထည်စက်ရုံ နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချပြီး ဝါစေ့ကိုဆီကြိတ်ခွဲလျှက် ထွက်ရှိသောဆီကို သန့်စင်၍ ဆီချောကို သဲတော၊ ဝမ်းတွင်းနှင့် ကျောက်ပန်းတောင်းမြို့များမှ လာရောက်ဝယ်ယူပြီး တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြင့် လည်းကောင်း၊ ဆီချေးကို တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဆပ်ပြာချက်လုပ်သောသူများမှ လာရောက်ဝယ်ယူလျက်ရှိပြီး လုပ်သားအင်အား နေ့၊ည ၁၂ ဦးဖြင့် လုပ်ကိုင်ပြီး ဝါတစ်ပိဿာ (၃၀ မှ ၅၀ ) ကျပ်ထိ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)