Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေး‌‌ဟောပြောခြင်း

Powered by Drupal

       စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးဇေယျာအောင်သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၁)၊ ဗက်လင်တိုက်ပွဲရှောင်စခန်းရှိ ပြည်သူ(၃၀)ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောရာတွင် ခရိုင်ဦးစီးမှူး ဦးဇေယျာအောင်က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးများဖွင့်လှစ်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ AI နည်းပညာနှင့်စိန်ခေါ်မှုများ၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို စားသုံးသူအသုံးပြုမှုများပြီး ထိခိုက်နစ်နာနိုင်ခြေမြင့်မားခြင်းနှင့် ဘေးအန္တရာယ်ရှိမှု အခြေအနေများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ၊ အွန်လိုင်းမှ ဈေးဝယ်ရာတွင်လည်း သတိထားရမည့်အချက်များကို  အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)