Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ (ရွှေပင်လယ်) ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍  စားသုံးကာကွယ်ရေးဥပဒေပါ  ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ BEST အမှတ်တံဆိပ်ပါ THAI COFFEE တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း စသည်တို့ကိုပြည့်စုံစွာဖော်ပြထားရှိခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ပိုင်ရှင်အား ကုန်စည်များကို ဈေးကွက်အတွင်းရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရ မည့်တာဝန်များအကြောင်းတို့ကိုပါ အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)