Main menu

ကျိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊  နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ကျိုင်းတုံ-တာချီလိတ်လမ်းမပေါ်ရှိ   စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊  သတ်မှတ်ရည်ညွှန်းဈေးအတိုင်း  ရောင်းချနေမှုရှိ/မရှိနှင့်   စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကိုအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချရန်မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)