Main menu

ရှမ်း(တောင်)မှ အာလူးဈေးကွက်အခြေအနေ

Powered by Drupal

         စားဖိုဆောင်သီးနှံများအနက် အာလူးသည်လည်း လူတို့နေ့စဉ်စားသုံးနေသော ဟင်းလျာတွင် ပါဝင်လျက်ရှိပါသည်။ အာလူးကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟဲဟိုးနှင့်နောင်တရားမြို့များတွင် အများအပြား စိုက်ပျိုးလျက်ရှိကြသည်။ အာလူးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ၂၀၂၁-၂၀၂၂ ခုနှစ်စိုက်ဧကမှာ (၃၉၇၃၃) ဧကရှိပြီး ထွက်ရှိမှုမှာ (၁၄၇၆၃၃၀၀၀) ပိဿာဖြစ်ပါသည်၊ ထို့ကြောင့်အာလူးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စားသုံးပိုလျှံသီးနှံတစ်ခုဖြစ်သည်၊ တစ်နှစ်လျှင် ပိဿာချိန် (၁၁၆၂၅၂၂၅၃)ခန့် ပိုလျှံသည့် သီးနှံဖြစ်ပါသည်။ ယခုနှစ်တွင် အာလူးဈေးအနည်းငယ်ကောင်းမွန်ပြီး ယခင်နှစ်က S1 လက်ကားဈေးမှာ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်တွင် ၁၈၀၀ ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ယခုအခါ ၂၃၀၀ ကျပ်အထိဈေးကောင်းရရှိပြီး၊ S2 လက်ကားဈေးမှာ ယခင်နှစ် ကာလတူပေါက်ဈေးအရ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်တွင် တစ်ပိဿာ ၂၁၀၀ ကျပ်အထိရရှိပြီး၊ လက်လီဈေးအရ ယခင်နှစ်ကာလတူပေါက်ဈေး ၂၅၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ် တွင် ၂၈၀၀ ကျပ်အထိဈေးကောင်းရရှိပါသည်၊ ရှမ်းတောင်မှထွက်ရှိသော အာလူးများကို တစ်နိုင်ငံလုံးရှိ နေရာအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်၊  ယခုအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ ဆင်ဖြူကျွန်းမှ အာလူးများဝင်ရောက်လျက်ရှိသောကြောင့် ဈေးများအနည်းငယ် ကျဆင်းမှုရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA( ရှမ်း)