Main menu

အသင့်သောက်အချိုရည်နှင့် စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊  မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝမ်ကောင်းဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များသို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် အသင့်သောက်အချိုရည်နှင့် စားသောက်ကုန်အရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်တမ်းကုန်ဆုံးနေသောကုန်စည်များရောင်းချခြင်းမပြုရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသောကုန်စည်များကိုရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့မှုကိုသိရှိရပါသည်။

DOCA(ရှမ်း)