Main menu

ဆိပ်ဖြူမြို့ပေါ်၌ စားသုံးသူများဘေးကင်းလုံခြုံရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြ မြို့၊ ယောဝရပ်ကွက်ရှိ မုန့်ဟင်းခါးရောင်းချသောလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးအသိပညာပေးဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများ၏ ရယူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် နစ်နာမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြီး တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်သည် ဘေးကင်းပြီးလုံခြုံစိတ်ချရမှုရှိမှသာ ဈေးကွက်တွင်နေရာရရှိပြီး စားသုံးသူများကလည်း ယုံကြည်စိတ်ချစွာရွေးချယ်ဝယ်ယူ သုံးစွဲကြမည်ဖြစ်ကြောင်း၊ မုန့်ဟင်းခါးဖတ်များထုတ်လုပ်ရောင်းချရာတွင် စားသုံးသူများဘေးဥပဒ်ဖြစ်စေမည့် တာရှည်ခံဆေးများထည့်သွင်းအသုံးမပြုစေရေး လုပ်ငန်းရှင်များအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး စည်ပင်အမှုဆောင်အရာရှိက ဆက်လက်၍ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းက စီးပွားရေးလုပ်ငန်းရှင်နှင့် လုပ်သားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်မျာ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)