ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တွင် ငါးမွေးမြူရေးကန် (၉၉)ကန်၊ ပန်းတောင်းမြို့တွင် (၆၇)ကန်၊ ရွှေတောင်မြို့တွင် (၂၅)ကန်၊ သဲကုန်းမြို့တွင် (၈၇၈)ကန်၊ ပေါင်းတည်မြို့တွင် (၃)ကန်၊ ပေါက်ခေါင်းမြို့တွင် (၁၁)ကန်၊ စုစုပေါင်း ငါးကန် ၁၀၈၃ကန်ရှိပါသည်။ ထိုကန်များတွင် ငါးမျိုးစုံမွေးမြူ၍ ငါးဈေးကွက်အတွင်းသို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ ထို့ပြင် ရေချိုငါးများကို ခရိုင်အတွင်းရှိ မြစ်ချောင်းများ၊ အင်းအိုင်များမှ ဖော်ထုတ်ပြီး ငါးဒိုင်အသီးသီးသို့ ပို့ဆောင်ရောင်းချကာ ထိုမှတစ်ဆင့် လက်လီဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချလျှက်ရှိ ပါသည်။
ပြည်မြို့ဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသော ငါးဈေးနှုန်းများမှာ မြစ်ငါးသလောက် (၁)ပိဿာလျှင် ၂၅၀၀၀ကျပ်၊ မြစ်ငါးကြင်းဖြူ (၁)ပိဿာလျှင် ၁၃၀၀၀ကျပ်၊ လယ်ငါးခူ (၁)ပိဿာ လျှင် ၁၃၅၀၀ကျပ်၊ ငါးကြင်းခေါင်းပွ (၁)ပိဿာလျှင် ၆၀၀၀ကျပ်၊ မွေးမြူရေးငါးခူ(၁)ပိဿာလျှင် ၁၀၀၀၀ကျပ်၊ မြစ်ငါးကျည်း (၁)ပိဿာလျှင် ၁၂၀၀၀ကျပ်၊ တီလားဗီးယား (၁)ပိဿာလျှင် ၃၅၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်းသိရှိရပါသည်။ ယခင်အပတ် ဈေးနှုန်းများဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်းနှင့် ငါးများကို ပြည်မြို့ရှိ စည်ပင်သာယာဈေးကြီး၊ ကိုးသောင်းဈေး၊ ခေတ္တရာမြို့သစ်ဈေး၊ အောင်မင်္ဂလာဈေး၊ ကသည်းဈေးနှင့် ရွှေတံခါးဈေးတို့ရှိ ငါးလက်လီအရောင်းဆိုင်များမှ စားသုံးသူများထံသို့ ပြန်လည်ရောင်းချလျက်ရှိရာ ငါးကြင်းဖြူကို ဝယ်ယူစားသုံးမှုများကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)