Main menu

မုဒုံမြို့၊ တာပသွန်ကျေးရွာရှိ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ၉၃၃သိန်းထုတ်ချေးပေး

Powered by Drupal

       မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ၈-၆-၂၀၂၄ ရက်နေ့တွင် တာပသွန်ကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်းသိရှိရပါသည်။

     ဦးစွာ မုဒုံမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေးက စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုအပ်ကြောင်း၊ ယခင်နှစ်များတွင်ချေးယူခဲ့သည့် ချေးငွေများအကျေပြန်လည်ဆပ်ပြီးသည့် တောင်သူတစ်ဦးလျှင် လယ်တစ်ဧကကို ၁၅၀၀၀၀ကျပ်နှုန်း၊ လယ် ၁၀ဧကအထိ အတိုးနှုန်း ၅ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာပသွန်ကျေးရွာရှိ တောင်သူ ၉၄ဦး၏ လယ်ဧက ၆၂၂ဧကအတွက် ချေးငွေကျပ်စုစုပေါင်း ၉၃၃သိန်းကို စနစ်တကျထုတ်ချေးပေးခဲ့သည်။

     မုဒုံမြို့နယ်တွင် မိုးစပါးချေးငွေများကို ရပ်ကွက်/ ကျေးရွာ (၄၂) ရှိ တောင်သူ ၃၀၃၈ဦး၏ လယ်ဧက ၂၃၃၃၄ဧကအတွက် ချေးငွေစုစုပေါင်း ၃၅၀၀၁ကျပ်သိန်းထုတ်ချေးပေးရန် လျာထားကြောင်းသိရှိရပါသည်။

DOCA(မွန်)