Main menu

ပြည်မြို့ရှိ သစ်ရိပ်သာဒိန်ချဉ်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးအသိပညာပေးဆွေးနွေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အနေဖြင့် စားသုံးသူများ သုံးစွဲနေသောကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်မြို့နယ် တာဝန်ခံဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၄)ရက် နေ့လည် (၁:၃၀) အချိန်တွင် ပြည်မြို့နယ် အတွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သစ်ရိပ်သာဒိန်ချဉ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်မြို့နယ်တာဝန်ခံမှ ထုတ်ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မှန်ကန်ပြည့်စုံစွာ ဖော်ပြနိုင်ရေး၊ စားသုံးသူများ သုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိသောထုတ်ကုန် ပစ္စည်းများကိုသာ အသုံးပြုနိုင် ရေးအတွက်  အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် (၂/၂၀၁၉)ပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)