Main menu

မွန်ပြည်နယ်ဒေသထွက် သစ်တိုသီးများ လှိုင်လှိုင်ထွက်ရှိ

Powered by Drupal

      သစ်တိုသီးသည် မွန်ပြည်နယ်ဘက်တွင် ပေါများသည့်အသီးတစ်မျိုးဖြစ်သည်။ သစ်တိုးသီးပင်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပြီး ပူနွေးစိုစွတ်သော ရာသီဥတုကိုကြိုက်နှစ်သက်သည်။ သစ်တိုသီးပင်များသည် ဇွန်လမှ ဩဂုတ်လအတွင်း အသီးများရင့်မှည့်ပြီး အသီးသီးလျှင် အသီးအများအပြားထွက်ရှိသော အပင်တစ်မျိုးဖြစ်သည်။

     မွန်ပြည်နယ်တွင် သစ်တိုသီးကို အစေ့ထုတ်၍ အပြင်ခွံထူထူကို အမျှင်အဖတ်သေးများဖြစ်စေရန် သင်္ဘောခြစ်ဖြင့်ခြစ်၍ ပိဿာချိန်ဖြင့် ရောင်းချကြသကဲ့သို့ အဖတ်ပါးပါးကလေးများဖြစ်အောင် ဓားဖြင့်မွှန်းစိပ်ကာ သစ်တိုသီးပေါက် (သစ်တိုသီးအစိတ်အမွှာ)များအဖြစ်လည်း ရောင်းချလျက်ရှိကြောင်းသိရသည်။ ယခုကဲ့သို့ မိုးရာသီ၌ သစ်တိုသီးပေါက်များ လှိုင်လှိုင်ပေါ၍ မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် သစ်တိုသီးတစ်ပိဿာလျှင် ကျပ် (၄၀၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

        မွန်ဒေသထွက် သစ်တိုးသီးများသည် အချဉ်အဖန်အရသာရှိသည့်အတွက် ဆေးဖက်ဝင်ကြောင်း၊ သစ်တိုသီးတွင် ဗီတာမင်ဓာတ်အများအပြားပါဝင်သကဲ့သို့ ကိုယ်လက်စထရောဓာတ်ပါဝင်မှုနည်းပါးသည့်အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးများလည်းရရှိကြောင်းနှင့် ရာသီစာသီးနှံအဖြစ် ဝယ်ယူစားသုံးမှုများကြောင်းသိရှိရပါသည်။

DOCA(မွန်)