Main menu

မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် ၆-၆-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ “ရွှေဇီဝ” အမှတ်တံဆိပ် သဘာဝမြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့တွေ့ဆုံရာတွင် သဘာဝမြေဩဇာတစ်နေ့ထုတ်လုပ်နိုင်မှု၊ ထုတ်ကုန်အမျိုးအစား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ကြုံတွေ့ရသောအခက်အခဲများအားဆွေးနွေးခဲ့ရာ ရွှေဇီဝသဘာဝမြေဩဇာစက်ရုံအနေဖြင့် တစ်နေ့လျှင် အိတ်ရေ (၁၀၀) ကျော်ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိတွင် အားဖြည့်ကွန်ပေါင်း(အပင်အထူး)၊ အားဖြည့်ကွန်ပေါင်း (အသီးအပွင့် အထူး)၊ ရွှေဇီဝအထူးပြုအနုဇီဝပိုးရည်တို့ကို ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်ကုန်များကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအပါအဝင် မြန်မာနိုင်ငံအနှံ့သို့တင်ပို့ကြောင်း၊ အခက်အခဲအနေဖြင့် လုပ်သမားအင်အားရှားပါးသဖြင့် အခက်အခဲရှိကြောင်း၊ လက်ရှိတွင် လုပ်သားဦးရေ  (၁၀)ဦးကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)