Main menu

မြန်အောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

   ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အမှတ်(၅)ရပ်ကွက်၊ တာကြီးတန်းလမ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Online မှ ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပလိမ်လည်ရောင်းချခြင်းများမရှိစေရန်နှင့် Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန်ရည်ရွယ်လျက် စားသုံးသူပြည်သူများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ တရားဝင်ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်နှင့် အာမခံချက်များပေးအပ်ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသော အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်လျှောက်ထားသူသည် လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိစေမည်ဖြစ်ပြီး အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းကိုဆောင်ရွက်မည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းအဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဟောပြာပွဲသို့ စားသုံးသူပြည်သူ (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)