Main menu

ပုသိမ်မြို့တွင် ပေါ်ဦးပေါ်ဖျား ကောက်ကောက်ညွှန့်များ ခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိ

Powered by Drupal

    ကောက်ကောက်ညွန့် ဆိုတဲ့အတိုင်းထိပ်ဖျားပိုင်း အညွန့်ကလေးက ခရုပတ်ပုံဝိုင်းပြီး ကောက်နေတာကိုတွေ့ရပြီး ကောက်ကောက်ညွန့်ကို တချို့က ဍကောက်ညွန့်လို့လည်း ခေါ်ပါတယ်။ ရာသီပေါ် ဟင်းရွက်တစ်မျိုးဖြစ်ပြီး အစိမ်းအတိုင်းမှာတော့ဝါးလိုက်ရင် ကြွပ်ပြီး ရေသောက်တဲ့အခါပူရှိန်းရှိန်းအရသာရှိကာ တောတောင်များ၌ သဘာဝ အလျှောက်ပေါက် ရောက်တက်ပြီး ဧပြီလတွင် တောင်ယာများမီးရှို့ပြီးချိန် မိုးများအနည်းငယ်ရွာသွန်းမှသာ လှိုင်လှိုင်ထွက်ရှိကြောင်းနှင့် ကောက်ကော်ညွှန့်များကို လူအများနှစ်ချိုက်စွာ  စားသုံးသောကြောင့် ယခုလိုအချိန်ရောက်လျှင် ဒေသနေပြည်သူအများစုသည် မိမိတို့ ကျေးရွာအနီးရှိ တောတောင်များတွင် လိုက်လံခူးဆွတ် ရောင်းချလျက်ရှိပါသည်။

    ပုသိမ်မြို့ပေါ်တွင်လည်း ပေါ်ဦးပေါ်ဖျားကောက်ကောက်ညွှန့်များကို ဒေသနေပြည်သူအများ နှစ်ချိုက်စွာ စားသုံးကြပြီး ထမင်းလည်းမြိန်ကာ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ် စားသောက်ကြကြောင်း၊ ဆေးဖက်လည်းဝင်ပြီး လူကြိုက်များသည့် မီးဖိုချောင်သုံး သီးနှံဖြစ်ကာ ကောက်ကောက်ညွှန့် (၁) စည်းလျှင် ကျပ် (၁၀၀၀) နှုန်းဖြင့် ရောင်းချလျက်ရှိပြီး တစ်နေ့လျှင် ငွေကျပ် (၅၀၀၀ မှ ၆၀၀၀) ခန့်ထိ ရရှိကာ မိသားစုဝင်ငွေတိုးပွားလျက်ရှိပြီး ဈေးကောင်းလည်းရရှိသဖြင့် ခူးဆွတ်ရောင်းချ သူများ ယခင်နှစ်ထက် ပိုများလာကြောင်း သိရသည်။

DOCA(ဧရာဝတီ)