Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်ရှိ အကယ်ဒမီ (စတိုး)ဆိုင်သို့သွားရောက်၍  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် yumyum Xcite အမှတ်တံဆိပ်ပါ ပုစွန်ချဉ်စပ်အရသာ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်ဖော်ပြချက်တို့ကို ပြည့်စုံစွာဖော်ပြထားခြင်းရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာသိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းတို့ကိုပါ အသိပညာပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)