Main menu

စစ်ကိုင်းမြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇွန်လ ၅ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များဖြစ်သော ဖြိုးရတနာ၊ ဟိန်းမြတ်စံနှင့် မြမြင့်မိုရ်ဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။ စစ်ကိုင်းမြို့မဈေးအတွင်းရှိ ဖြိုးရတနာ၊ ဟိန်းမြတ်စံနှင့် မြမြင့်မိုရ်ဆန်အရောင်းဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းလိုအားရှိသလောက် ဝယ်ယူကြောင်း၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန် များကို အများဆုံးရောင်းချကြောင်း ၊ဆန်အမျိုးအစားအလိုက် (၂၄)ပြည်ပါ တစ်အိတ်ဈေးနှုန်းများမှာ ဖြိုးရတနာ၊ ဟိန်းမြတ်စံနှင့် မြမြင့်မိုရ်ဆန်အရောင်းဆိုင်များသည် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ ရောင်းလိုအားရှိသလောက် မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းလိုအားရှိသလောက် ဝယ်ယူရောင်းချနေသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)