Main menu

ဘီးလင်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁-၆-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပူပေါင်းအဖွဲ့ဖြင့် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များမှာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းမရှိကြောင်းတွေ့ရှိရသည်။ ဆိုင်ရှင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှု၊ ရောင်းချဖြန့်ဖြူးမှုမပြုလုပ်ရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)