Main menu

ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဖောင်စီးဂဏန်းအကြောင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရာသီကာလ တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် သုံးလ ကဆုန်-နယုန် ရေထရက်များတွင် ငဝန်မြစ်၏ မြစ်လက်တက်ဖြစ်သော ဖျာပုံမြစ်နှင့် ချောင်းများတွင် ဒေသအခေါ် ဖောင်စီးဂဏန်များသည် အုပ်စုလိုက်မျှောပါလျက်ရှိရာ ဒေသခံများသည် လှေများဖြင့် ထိုဂဏန်းများကို ဇကာ၊ ဒိုင်းကွင်း အစရှိသော ငါးဖမ်းကိရိယာများဖြင့် ဖမ်းယူကြသည်။ ဖောင်စီးဂဏန်းတွင် အထီး၊ အမ ဟူ၍ နှစ်မျိုးရှိရာ အမသည် ဂဏန်းဆီညှစ်ပြီး ရောင်းချရာတွင် အဆီထွက်အား ပိုကောင်းသဖြင့် လူကြိုက်များသည်။ ဂဏန်းအထီးများကို အခြောက်လှန်း၊ အမှုန့်ကြိတ်၍ ကြက်စာ၊ ဘဲစာအဖြစ် အသုံးပြုကြပါသည်။ ရာသီအချိန်တွင်သာ စားရ၍ မိသားစုထမင်းဝိုင်းများတွင်  လှော်စား၍သော်လည်းကောင်း၊ ကြော်စား၍ သော်လည်းကောင်း၊ ဂဏန်းဆီကို အခြောက်ကြော်၍ မိသားစု၊ မိတ်ဆွေ များအား လက်ဆောင်အဖြစ် ထည့်ပေးကြသည်။ ဂဏန်းအစိမ်း နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၄၀၀) မှ (၅၀၀) ၊ ဂဏန်းဆီ တစ်ဆယ်သားလျှင် ကျပ်(၂၅၀၀) မှ (၃၅၀၀) ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA(ဧရာဝတီ)