Main menu

ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးနှုန်းများကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ဇွန်လ (ပထမပတ်) တွင် ကြက်သွန်နီအမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၈၀၀)၊ အလတ်စ ကျပ်(၁၇၀၀)၊ အသေးစ ကျပ်(၁၅၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခင်မေလ(စတုတ္ထပတ်)တွင်လည်း အမြင့်ဈေး ကျပ်(၁၉၀၀)၊ အလတ်စ ကျပ် (၁၇၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်ကာလတူနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ထိပ်စနှင့် အသေးစမှာ ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းပြီး အလတ်စမှာ ဈေးငြိမ်၍  ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ် ကုန်ချိန်ပိဿာ(၂၀၀၀၀)ခန့်ဝင်ရောက်လျက်ရှိကြောင်း၊ ပြည်ပဝယ်လိုအားနည်း၍ ဈေးနှုန်းကျဆင်းလျက်ရှိခြင်းကြောင့် တောင်သူများ ရောင်းချမှုနည်း၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုလျော့နည်းသွားကြောင်း သိရှိရသည်။

      ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးမှုများသော ချတောက်၊ ရွာသစ်၊ ရွာသစ်ကြီး၊ ရေပုတ်၊ ဆင်နီတောင်၊ ဒေါသာကျေးရွာများနှင့် စလင်း၊ ပွင့်ဖြူမြို့များမှ ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။ ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များနှင့် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့တင်ပို့လျက်ရှိကြောင်း၊ ယခုဇွန်လ(ပထမပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သိန်း၊ တန်ချိန်အားဖြင့် (၃၂၆)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)