Main menu

“ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးဘေး ဝဲယာရပ်ကွက်ကျေးရွာများတွင် ရောင်းချပေးလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ မြို့နယ်မန်နေဂျာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ဗိုလ်ချုပ်လမ်းမကြီးဘေး ဝဲယာမြို့သစ်ရပ်ကွက်များ၌ ရောင်းချလျှက်ရှိသော Apex စက်သုံးဆီဆိုင်၊ ဇလုပ်ကြီးကျေးရွာရှိ Max ဆီဆိုင်နှင့် အဖျောက်ကျေးရွာရှိ ရွှေသရဖူဆီဆိုင်များ၌ ယာဉ်တန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/မရှိ၊ မိုးစပါးစိုက်ပျိုးရာသီဖြစ်နေသောကြောင့် လယ်ထွန်ယက်စိုက်ပျိုးမည့် တောင်သူများအပေါ် အပြည့်အဝဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိတို့ကိုမေးမြန်းစုံစမ်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူ ဆီဆိုင်မန်နေဂျာတို့က မိမိတို့၏ဆီဆိုင်များတွင် သတ်မှတ်ထားသည့်ခွဲတမ်းများကို အချိန်မီထုတ်ယူရရှိနေပါသဖြင့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ယာဉ်တန်းစီးတိုး၍ ဝယ်ယူနေရသည့်အခြေအနေများမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏စက်သုံးဆီသိုလှောင်ကန်များတွင် စက်သုံးဆီရှိပါလျက် ဆီဖြန့်ဖြူးရောင်းချပေးခြင်းများမရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)