Main menu

မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်များရှိ City Mart၊ BKB၊ စိန်ဂေဟာရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်(၁၀)မျိုးအနက် ထိခိုက်လွယ်သည့် စားသုံးသူဖြစ်သော ကလေးငယ်များသုံးစွဲသည့် ကလေးကစားစရာအရုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ မရမ်းကုန်းမြို့နယ်၊ သမိုင်း City Mart၊ လှိုင်မြို့နယ်၊ B.K.B ကလေးပစ္စည်းဆိုင်နှင့် ကမာရွတ်မြို့နယ်၊ စိန်ဂေဟာတို့ရှိ ကလေးကစားစရာအရုပ်များဖြစ်သော Brick၊ Block Toy ကလေးကစားစရာအရုပ်ဆက်ပစ္စည်းများ၊ FRUIT WORLD TOOLS သစ်သီးစုံအရုပ်၊ SKY Toy အမွှေးပွအရုပ်မျိုးစုံ၊ Magic Cibe လက်လှည့်အန်စာအရုပ်များ၊ Hight Speed Sports Car ဓာတ်ခဲထည့်၍သုံးရသောကားများ၊ Yi Ya Pringess ဟင်းသီးဟင်းရွက်အစုံနှင့် မီးဖိုချောင်သုံးအရုပ်များ RC ဘတ္ထရီပစ္စည်းသုံး ကလေးကစားစရာအရုပ်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)