Main menu

“ ခရမ်းမြို့နယ်ရှိ ဆေးနှင့်ဆေးပစ္စည်းများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စည်ပင်သာယာရေး မြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် လက်လီ/ လက်ကားဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက်၊ ဗုဒ္ဓဟူးလမ်းရှိ ရောင်နီဆေးဆိုင်၊ အမှတ်(၅)ရပ်ကွက်၊ ကျောင်းသစ်လမ်းရှိ သောတာထွန်းဆေးဆိုင်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်းရှိ ရောင်နီဆေးဆိုင်နှင့် (၃)လမ်းရှိ သဗ္ဗသုခဆေးဆိုင်များသို့သွားရောက်ခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏လမ်းညွှန်ချက်နှင့်အညီ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုများမဖြစ်ပေါ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြေားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)