Main menu

ကရင်ပြည်နယ်ဘားအံမြို့တွင် ဒေသထွက် သရက်သီးမှည့်များ အရောင်းအဝယ်သွက်

Powered by Drupal

    ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒေသတွင်းမျိုးရင်း သရက်သီးများဖြစ်သော ရင်ကွဲ၊ မချစ်စု၊ မနွယ်နွယ် စသည့်သရက်သီးများ လှိုင်လှိုင်ပေါ်၍ မချစ်စု သရက်သီးတစ်လုံးလျှင် အကြီး၁၀၀၀ကျပ်၊ အလတ် ၈၀၀ ကျပ်၊ ရင်ခွဲသီး အကြီးတစ်လုံးလျှင် ၃၅၀ ကျပ်၊ အလတ် ၂၅၀ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်းနှင့် ယခုနှစ်တွင် လမ်းခရီးအခြေအနေများကြောင့် ပြည်တွင်းအခြားဒေသထွက် စိန်တလုံးနှင့် အခြားသရက်သီးများ ဈေးကွက်ဝင်ရောက်မှု လျော့နည်း ခဲ့ပြီး စိန်တလုံးတစ်လုံးလျှင် အကြီး ၁၈၀၀ ကျပ်၊ အလတ် ၁၂၀၀ ကျပ်ထိ ဈေးနှုန်း ဖြစ်ပေါ်ခဲ့သောကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းသက်သာသော ဒေသမျိုးရင်း သရက်သီးများအား ဝယ်ယူမှုများ၍ ဈေးကွက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)