Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၇)ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်ရှိ စာအုန်းဆီလက်လီအရောင်းဆိုင်လုပ်ငန်းရှင်များအားခေါ်ယူ၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံသည် စားအုန်းဆီလက်လီအရောင်းဆိုင်လုပ်ငန်းရှင်များအား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်နှင့် ဈေးနှုန်းကြီးမြင့်စွာရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)