Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကညင်ချောင်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ငပုတောမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းသည် ပူးပေါင်းအဖွဲ့များနှင့်အတူ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ (၇)ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်၌ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူးက စားသုံးသူများသိသင့်သိထိုက်သောအကြောင်းအရာများနှင့် စားသုံးအခွင့်အရေး (၈) ချက်အကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)