Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဆန်စက်ပိုင်ရှင်အသင်းရုံးတွင် စက်ပိုင်ကိုယ်စားလှယ်နှင့် အလုပ်သမားများအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၁-၆-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက်ပိုင်ရှင်အသင်းရုံး၌  စက်ပိုင်ကိုယ်စားလှယ်နှင့် အလုပ်သမားများအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးသည် တက်ရောက်လာသော စက်ပိုင်ကိုယ်စားလှယ်နှင့် အလုပ်သမားများအား  မိတ်ဆက်စကားပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်းခဲ့ပြီး၊  ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်၍ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများ၏ သိုလှောင်မှုအခြေအနေနှင့် သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာ့ဆန်စပါး (အွန်လိုင်း) (Myanmar  Rice  Online – MyRO ) ကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်၊ ဆန်စက်ပိုင်ရှင်များအနေဖြင့် MyRO တွင် သိုလှောင်ရုံများအား Online  စနစ်ဖြင့် မှတ်ပုံတင်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ (၆)ဦး၊ စက်ပိုင်ကိုယ်စားလှယ်နှင့် အလုပ်သမား (၅၇)ဦး၊ စုစုပေါင်း (၆၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)