Main menu

ငါန်းဇွန်မြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင်(၇-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

         တောင်သူလယ်သမားများစိုက်ပျိုးသော သီးနှံစိုက်ခင်းများ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရန်၊ ပိုးမွှားအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများမရှိစေရန် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ဆေးဝါးများဝယ်ယူသုံးစွဲလျက်ရှိရာ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အရည်အသွေးပြည့်ဝသော သွင်းအားစုများကိုသာသုံးစွဲနိုင်ရေး၊ တရားမဝင်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများနှင့် ကန့်သတ်ထားသော စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာမပါဝင်သော စိုက်ပျိုးရေးသုံးပစ္စည်းများရောင်းချမှုမရှိစေရေးတို့အတွက် ငါန်းဇွန်မြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်နှင့်ဓာတ်မြေဩဇာအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကာ စိုက်ပျိုးရေးဦးစီးဌာနမှ ဈေးဆိုင်တာဝန်ရှိသူများအား ပိုးသတ်ဆေး၊ မြေဩဇာနှင့် မျိုးစေ့ဥပဒေများအား အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)