Main menu

ငါန်းဇွန်(အ.ထ.က)ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည် (၆-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းကျန်းမာရေးအဖွဲ့များနှင့်အတူ ငါန်းဇွန်မြို့၊ မြို့မ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

      မြို့နယ်တာဝန်ခံသည် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ ကျောင်းသား/ ကျောင်းသူများ ကျန်းကျန်းမာမာဖြင့် တက်ရောက်ပညာသင်ကြားနိုင်ရန်နှင့် တက်ရောက်ပညာသင်ကြားရင်း ဝယ်ယူစားသောက်သုံးစွဲကြသည့် ကျောင်းမုန့်ဈေးတန်းများမှ ရောင်းချသောစား သောက်ကုန်များ၊ အသုံးအဆောင်များသည် ဘေးန္တရာယ်ကင်းရှင်းရန် လွန်စွာအရေးကြီးကြောင်း၊ ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်မှသာ စာပေပညာနှင့်ကျောင်း သင်ခန်းစာများကို ဆုံးခန်းတိုင် ပြည့်ပြည့်ဝဝသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအတွက် ဘေးအန္တရာယ်ရှိစေနိုင်သော၊ ထိခိုက်မှုဖြစ်စေနိုင်သော ကုန်စည်များရောင်းချမှုမရှိစေရေးနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များရောင်းချမှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှောင်တခင်လာရောက်စစ်ဆေး၍ ဥပဒေများနှင့်အညီ သိမ်းဆည်းဖျက်စီးမှုများ၊ အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများကို ကိုယ့်၏သားသမီးများကဲ့သို့ အဘောထား၍ ကျန်းမာရေးနှင့်ညီညွတ်သော၊ သန့်ရှင်းလတ်ဆတ်သော၊ အာဟာရဖြစ်စေသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ဥပဒေများပါ ပြဋ္ဌာန်းချက်များပါဝင်သော အစားအစာများကိုသာရောင်းချကြရန်နှင့် ကလေးသူငယ်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်စေနိုင်သော ကစားစရာများ၊ ခွင့်မပြုဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ ရောင်းချခြင်းမပြုကြရန်၊ စားသုံးရန်မသင့်သော အစားအသောက်များစားသုံးမိသေ ာကလေးသူငယ်များမှာ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုများနှေးကွေးပြီး ဉာဏ်ရည်နိမ့်ပါးခြင်း၊ ခန္ဓာကိုသေးငယ်ခြင်းများဖြစ်ပေါ်၍ ရေရှည်တွင် ကင်ဆာရောဂါများအထိဖြစ်ပွားနိုင်သည့်အတွက် ဈေးဆိုင်ရောင်းချသူများအားလုံးသည်လည်း ကျန်းမာရေးအသိပညာဗဟုသုတများရှိရန်လိုအပ်ကြောင်း၊ ‌ လက်ဖြင့် တိုက်ရိုက်ထိတွေ့ကိုင်တွယ်ရောင်းချသော အစားအစာများကိုရောင်းချရာတွင် တစ်ခါသုံးလက်အိတ်များဖြင့် စနစ်တကျကိုင်တွယ်ရောင်းချကြရန်နှင့် ရောင်းချသူများမှာလည်း ကျန်းမာရေးကောင်းမွန်သူများဖြစ်ရန်လိုအပ်ပြီး ကျန်းမာရေးဌာနတွင် သတ်မှတ်ထားသည့်ကာလအလိုက် ဆေးစစ်ဆေးမှုများခံယူရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ လာရောက်စစ်ဆေးသည့်အခါတွင်လည်း ဆေးစစ်ဆေးထားမှုမှတ်တမ်းများပြသရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများကို ရှင်းလင်းပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)