Main menu

မြင်းခြံခရိုင်၏ ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်း၊ ဈေးကွက်နှင့် တောင်သူအကျိုးအမြတ်အခြေအနေ

Powered by Drupal

   မြင်းခြံခရိုင်သည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်၊ ကုန်တန်းနှင့်သဲဆန်သော မြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ ကျောက်ကမူများ၊ ကုန်းမြင့်ချိုင့်ဝှမ်းများရှိပြီး မြစ်ချောင်းနည်းပါး၍ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပါသည်။ ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့်ကြက်သွန်များကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုပဲမျိုးစုံအနက် ဆောင်းပဲတီစိမ်းကို အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလ၊ မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်းနှင့် မေလနှင့်ဇွန်လတို့တွင် ဈေးကွက်အတွင်းသို့ရောက်ရှိပြီး အရောင်းအဝယ်များဖြစ်ပေါ်ကြောင်းသိရှိရပါသည်။

      ၂၀၂၃-၂၀၂၄ ခုနှစ် မြင်းခြံခရိုင်၏ ဆောင်းပဲတီစိမ်းအနေဖြင့် (၆၁၇၆)ဧကစိုက်ပျိုးမှုရှိခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်း (၁၂.၅၈)တင်းဖြင့် တင်းပေါင်း (၇၇၆၇၀)တင်းထွက်ရှိခဲ့ပါသည်။ ယခင်နှစ်တွင် ဆောင်းပဲတီစိမ်းစိုက်ပျိုးမှုမှာ (၅၃၄၃)ဧကသာ စိုက်ပျိုးမှုရှိခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၁၂.၆၀)တင်းခန့်ထွက်ရှိခဲ့၍ ယခုနှစ်တွင် ယခင်နှစ်ထက် စိုက်ပျိုးမှုမှာ (၈၃၃)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး၊ အထွက်နှုန်းမှာ အနည်းငယ်လျော့နည်းခဲ့ကြောင်းသိရှိရပါသည်။ ဆောင်းပဲတီစိမ်းစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် (၃၈၀၀၀၀)ကျပ်ခန့်ရှိပြီး၊ ယခုနှစ်ထွက်ပေါ်ချိန် တောင်သူများတစ်တင်းရောင်းရဈေးမှာ (၆၂၀၀၀)ကျပ်ဖြစ်၍ တစ်ဧကအထွက်နှုန်းနှင့်တွက်ချက်ပါက အကျိုးအမြတ်အနေဖြင့် (၃၉၉၉၆၀)ကျပ်ခန့်ရရှိပါသည်။ တင်ပို့ရောင်းချမှုအနေဖြင့် မြင်းခြံ၊ နွားထိုးကြီးဈေးကွက်များမှတစ်ဆင့် မန္တလေးသို့တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)