Main menu

ဆန်တင်ပို့မှုတားမြစ်ချက် ရုရှားအစိုးရ ထပ်မံသက်တမ်းတိုးမြှင့်မည်

Powered by Drupal

    ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ဆန်နှင့် ဆန်ကြမ်းတင်ပို့မှု တားမြစ်ချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ နောက်ထပ်ခြောက်လ တိုးမြှင့်သတ် မှတ်ရန် အဆိုပြုထားသည်။ Kuban ရှိ Fedorovsky ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ကုန်ကြမ်းရှားပါးမှု ဘေးအန္တရာယ်ကို လျှော့ချနိုင်ရန်နှင့် ကုန်ချောပစ္စည်းများ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဆန်တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ချမှတ်ခဲ့ပြီး အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ရာ မကြာသေးမီကာလ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်ခဲ့သည်။

     ရုရှားနိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံမှု ရှိစေရေးအတွက် အစိုးရအနေဖြင့် ဆန်တင်ပို့မှုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ယာယီတားမြစ်ထားရန် ဆုံးဖြတ် ခဲ့ကြောင်းနှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအနေဖြင့် ယာယီတားမြစ်မှုတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဥရောပ-အာရှ စီးပွားရေးကော်မရှင် (Eurasian Economic Commission) သို့ အကြောင်းကြားသင့်ကြောင်း အဆိုပါ တားမြစ်သည့်မူကြမ်းတွင် ဖော်ပြထားပါသည်။

     ဆန်တင်ပို့မှုတားမြစ်ချက်မှာ အပြည်ပြည်ဆိုင်ရာ အစိုးရအချင်းချင်း သဘောတူညီချက် များဆိုင်ရာ မူဘောင်နှင့် နိုင်ငံတကာ တစ်ဆင့်ခံ သယ်ယူပို့ဆောင်ရေး မူဘောင်များအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မှုနှင့် နိုင်ငံခြား တိုင်းပြည်များ၏ နယ်နိမိတ်ကိုဖြတ်သန်း၍ ရုရှား ဖက်ဒရေးရှင်း၏ နယ်မြေဒေသများအတွင်းသို့ ဆန်များသယ်ယူပို့ဆောင်မှုတို့အပေါ် သက်ရောက် ခြင်းမရှိဟုဆိုသည်။     

    ထို့အပြင် အဆိုပါ ဆန်တင်ပို့မှုတားမြစ်ချက်မှာ ရုရှားနိုင်ငံအတွင်းမှ ထောက်ပံ့ရေးရိက္ခာအဖြစ် ပြည်ပနိုင်ငံများရှိ နယ်မြေများအတွင်း စစ်ရေးလှုပ်ရှားမှုများသို့ ပို့ဆောင်ခြင်း၊ Baikonur မြို့တော်နှင့် Baikonur မြို့တော်နယ်မြေအတွင်းရှိ ရုရှားအဖွဲ့အစည်းများထံသို့ ပို့ဆောင်ခြင်း၊ Svalbard ကျွန်းစုများရှိ ရုရှားအဖွဲ့အစည်းများသို့ ပို့ဆောင်ခြင်းများအပေါ်တွင် သက်ရောက်ခြင်း မရှိဟု ဖော်ပြထားသည်။

Source: Oreanda News, 6 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)