Main menu

အင်ဒိုနီးရှား၏ ဆန်စပါးထွက်ရှိမှု ဇွန်-ဇူလိုင်လများ၌ ကျဆင်းနိုင်

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံတွင် ယခင်နှစ်၌ မိုးရွာသွန်းမှုနည်းခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် သီးနှံ စိုက်ပျိုးမှုရာသီစက်ဝန်း နှောင့်နှေးခဲ့ခြင်းကြောင့် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် ဆန်စပါး ထွက်ရှိမှုမှာ နှစ်အလိုက်နှိုင်းယှဉ်ပါက ကျဆင်းဖွယ်ရှိသည်ဟု စားနပ်ရိက္ခာအေဂျင်စီ အကြီးအကဲ က ၁၀-၆-၂၀၂၄ ရက်၊ တနင်္လာနေ့၌ ပြောကြားခဲ့သည်။

   အင်ဒိုနီးရှားလွှတ်တော်၌ စားနပ်ရိက္ခာအေဂျင်စီအကြီးအကဲ Arief Prasetyo ၏ တင်ပြ ချက်အရ စပါးထွက်ရှိမှုမှာ ဇွန်လတွင် တန်ချိန် ၂.၀၁ သန်းနှင့် ဇူလိုင်လတွင် တန်ချိန် ၂.၁၅ သန်း ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၂၃ ခုနှစ်၌ ဇွန်လတွင် စပါးတန်ချိန် ၂.၇၉ သန်းနှင့် ဇူလိုင်လ ၌ တန်ချိန် ၂.၄၈ သန်း အသီးသီးထွက်ရှိခဲ့ကြောင်း သိရသည်။

    အင်ဒိုနီးရှားနိုင်ငံ စားနပ်ရိက္ခာဝယ်ယူရေးအေဂျင်စီဖြစ်သည့် Bulog သည် ယခုနှစ်အတွက် ခွဲတမ်းချပေးထားသော ဆန်တန်ချိန် ၃.၆ သန်းအနက် ဧပြီလအထိ တန်ချိန် ၁.၂ သန်း တင်သွင်းခဲ့ ပြီးဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြည်တွင်းဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၁၈.၆၄ သန်း ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုကာလအတွင်း ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၁၈ သန်းရှိကြောင်း Mr. Arief က ပြောကြားခဲ့သည်။ ယခင်နှစ်၌  အယ်လ်နီညိုရာသီဥတုကြောင့် မိုးရွာသွန်းမှုလျော့နည်းခဲ့ခြင်းက သီးနှံအသစ်များ စိုက်ပျိုးမှုကို နှောင့်နှေးစေခဲ့ပြီး အထွက်ပမာဏ လျော့နည်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

Source: Manila Times, 11 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)