Main menu

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဟင်းခွက်အိုင်ကျေးရွာရှိ Tronic One Co.,Ltd ဆံပင်သန့်စင်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြန်မာနိုင်ငံဆံပင်လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်တို့ပူးပေါင်း၍ (၇-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆံပင်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်၍ ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ နယ်၊ ဟင်းခွက်အိုင်ကျေးရွာရှိ Tronic One Co.,Ltd ဆံပင်သန့်စင်ခြင်းလုပ်ငန်းသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဟင်းခွက်အိုင်ကျေးရွာတွင်  Tronic One Co.,Ltd သည် မြန်မာရဲရင့်အမည်ဖြင့် ဆံပင်လုပ်ငန်းရုံ (၃) ရုံရှိသည့်အနက် ဆံပင်ရုံ(၂)ရုံမှာ တည်ထောင်ဆဲဟုသိရှိရပြီး အလုပ်ရုံ(၁)ရုံသာ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆံပင်သန့်စင်ခြင်းလုပ်ငန်းကိုအဆင့် (၆) ဆင့်ဖြင့် သန့်စင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့် (၁) ဝယ်ယူလာသော ကုန်ကြမ်း (ဆံပင်အထွေး)များကို အပ်ချောင်းများအသုံးပြု၍ ဆံပင်ရှင်းရခြင်း၊ အဆင့် (၂) ရှင်း၍ရလာသော ဆံပင်အဖွဲ့ များကို ဘီးကဲ့သို့  သံချွန်များထောင်ထားသောခုံပေါ်တွင် အကြမ်းခုံဆွဲရခြင်း၊ အဆင့် (၃) ဆံပင်အတို/ အရှည်ရွေးထုတ်ရခြင်း၊ အဆင့် (၄) ဆံပင်များညီညာအောင်ခေါင်းညှိုရခြင်း၊ အဆင့် (၅) ခုံအချောပြန်ဆွဲရခြင်း၊ အဆင့် (၆) အရွယ်အစားအလိုက် အတိုဆုံး ရှစ်လက်မမှ အရှည်ဆုံး ၄၀လက်မထိ အတိုအရှည်ရွေးထုတ်၍စည်းပြီး ပါကင်ထုတ်ပေးရခြင်းဖြင့် ဆံပင်သန့်စင်ခြင်းကိုဆောင်ရွက်ရကြောင်း၊   ဆံပင်ကုန်ကြမ်းတစ်ပိဿာဈေးနှုန်းမြေပြင်အခြေအနေမှာ ကျပ် (၂) သိန်းမှ ကျပ် (၆) သိန်းအထိ အရည်အသွေးကောင်း/ မကောင်းပေါ်မူတည်၍ ဈေးနှုန်းကွဲပြားကြောင်း၊ ကုန်ချောများအား တရုတ်နိုင်ငံဈေးကွက်သို့ ရေကြောင်းနှင့်လေကြောင်းမှ အဓိကတင်ပို့ကြောင်း၊ ဗီယက်နမ်နိုင်ငံသို့လည်းတင်ပို့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)