Main menu

အောင်ပန်းဒေသ၏ အာလူးဈေးနှုန်း၊ ဈေးကွက် အခြေအနေ

Powered by Drupal

    အောင်ပန်းဒေသတွင် အာလူးကို ရေအာလူး၊ မိုးအာလူး၊ ဆောင်းအာလူးဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြသည်။အဓိကစိုက်ပျိုးသောဒေသများမှာ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ပင်းတယ၊ ဟဲဟိုးဒေသများဖြစ်ပြီး ဒေသမျိုးနှင့်နယ်သာလန်မျိုးကို အဓိကအများဆုံးစိုက်ပျိုးကြသည်။အောင်ပန်းဒေသမှထွက်ရှိသော အာလူးများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ချောက်၊ ပြည်၊ မိတ္ထီလာမြို့ များအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

    ရှမ်းတောင်အာလူးကို တစ်နှစ်ပတ်လုံးစိုက်ပျိုးသော်လည်း ရေအာလူးကုန်ချိန်ဖြစ်ပြီး မိုးအာလူး စတင်စိုက်ပျိုးနေသည့် ကာလဖြစ်သောကြောင့် ဈေးကွက်အတွင်းသို့ အာလူးဝင်ရောက်မှု့နည်းပါးလာကာ ဝယ်လိုအားများသည့်အတွက် အာလူးဈေးနှုန်းများမြင့်တက်လာပါသည်။

     လတ်တလောအာလူးသီးနှံဈေးနှုန်းများမှာ မျက်နီ S2- ၃၀၀၀ကျပ်၊ S1- ၂၈၀၀ကျပ်၊ OK-၂၆၀၀ ကျပ်၊ ဆွဲသီး ၂၀၀၀ကျပ်၊ ဂေါ်လီဆိုဒ်- ၁၂၀၀ကျပ်၊ မားကီး S2- ၃၅၀၀ကျပ်၊ S1- ၃၄၀၀ကျပ်ပေါက်ဈေး ရှိကြောင်း သိရှိရပါသည်။

    လာမည့်စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် မိုးအာလူးရိတ်သိမ်းချိန်ဖြစ်၍ လှိုင်လှိုင်ပေါလာမည်ဖြစ်ပြီး ဈေးနှုန်းကျဆင်းလေ့ရှိချိန်အဖြစ် သုံးသပ်ရပေမည်။အာလူးသီးနှံမှာ အာလူးကြော်လုပ်ငန်းများလည်းရှိသဖြင့် တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်၍ စိုက်ပျိုးထွက်ရှိသလောက် စီးဆင်းမှုရှိသော သီးနှံဖြစ်ကာ ပိုလျှံမှုမရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)