Main menu

Happy Man Co.,Ltd ဆံပင်သန့်စင်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးပါ (၂)ဦးသည် ၆-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အမှတ်(၃၀၀)၊ ဃ-A အနောက်ပိုင်းတက္ကသိုလ်အဝိုင်း၊ ထန်းတပင်မြို့နယ်ရှိ Happy Man Co.,Ltd ဆံပင်သန့်စင်လုပ်ငန်းသို့သွားရောက်၍ ဒါရိုက်တာ ဒေါ်ဇင်မာဦးနှင့်တွေ့ဆုံမေးမြန်းရာတွင် စက်ရုံ၌ လုပ်သားအင်အားအနေဖြင့် ကျား(၁၀)၊ မ(၅၀)၊ ပေါင်း(၆၀)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ဆံပင်ကုန်ကြမ်းအား အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများမှတင်သွင်းပြီး ဆံပင်ကုန်ကြမ်းများအား ဆံပင်အရောင်ခွဲခြင်း၊ ဆံပင်ဆိုဒ်ခွဲသန့်စင်ခြင်းတို့ပြုလုပ်ရပြီး ကုန်ကြမ်း(၃)တန်သန့်စင်ပါက ကုန်ချော(၂)တန်၊ အလေအလွင့်(၁)တန်ဖြစ်၍ ကုန်ကြမ်း၏ (၃)ပုံ (၂)ပုံမှာ ကုန်ချောအဖြစ်ရရှိကာ (၃)ပုံ (၁)ပုံမှာ အလေအလွင့်ဖြစ်ခဲ့ပြီး ကုန်ကြမ်းဈေးနှုန်းမှာ အတို/အရှည်အလိုက် ဈေးနှုန်းကွာခြားမှုရှိပါသည်။ ကုန်ကြမ်းရရှိမှုအခြေအနေမှာ ကုန်ကြမ်းလက်ကျန်မှာ တစ်လစာအတွက် (၄.၅) တန်သာကျန်ရှိတော့သဖြင့် သွင်းကုန်လိုင်စင်အခက်အခဲရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)