Main menu

မေလတွင် ဗီယက်နမ်နိုင်ငံ၏ပြည်တွင်းကားရောင်းအား ၆ ရာခိုင်နှုန်းတိုးတက်လာ

Powered by Drupal

    ဗီယမ်နမ်ကားထုတ်လုပ်သူများအသင်း (VAMA) ၏အဆိုအရ မေလအတွင်းပြည်တွင်း၌ ကား‌ရောင်းချမှုသည် ယခင်လနှင့်နှိုင်းယှဥ်လျှင် ၆ ရာခိုင်နှုန်းတိုးလာ၍ ကားအစီးရေ ၂၅၇၉၄ စီး ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

    ထိုအထဲမှ ခရီးသည်တင်ယာဥ်ရောင်းချမှုသည် ဧပြီလနှင့်နှိုင်းယှဥ်ပါက ၆ ရာခိုင်နှုန်း တိုးလာကာအစီးရေ ၁၈၂၃၅ စီးရောင်းချနိုင်ခဲ့သည် စီးပွားဖြစ်ယာဥ်များရောင်းချမှုမှာ ၇ ရာခိုင်နှုန်း တိုး၍ အစီးရေ ၇၂၉၂ စီး ရောင်းချနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင်အထူးရည်ရွယ် ထုတ်လုပ်သော ကားများမှာ အစီးရေ ၂၆၇ စီး ရောင်းချနိုင်ခဲ့ပြီး ၄ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့သည်။

   VAMA အဖွဲ့ဝင်များ၏ပြောကြားချက်အရ ယခုနှစ်၏ငါးလတာကာလအတွင်း စုစုပေါင်း ကား အစီးရေ ၁၀၈၃၀၉ စီး ‌ရောင်းချနိုင်ခဲ့ပြီး ပြည်တွင်း၌ ထုတ်လုပ်သည့်ကားအစီးရေမှာ ၁၄ ရာခိုင်နှုန်း ကျဆင်းကာ တင်သွင်းသည့်မော်တော်ယာဥ်များမှာ တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်းတိုးလာ ခဲ့ကြောင်းသိရသည်။

   Audi, Jaguar Land Rover, Mercedes, Volvo, Haval နှင့် အခြားသောကားကုမ္ပဏီ များစွာတို့သည် ၎င်းတို့၏ အရောင်းအဝယ်ကိန်းဂဏန်းများကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။

   VAMA နှင့် TC Group တို့မှ အစီအရင်ခံစာများအပေါ်အခြေခံ၍ ဇန်နဝါရီလမှ မေလအတွင်း သုံးစွဲသူများထံမော်တော်ကား ၁၂၇၆၄၃ စီးအားပေးပို့နိုင်ခဲ့ကြောင်းသိရသည်။

    ကျွမ်းကျင်သူများက လုံးဝတည်ဆောက်ထားသောယူနစ်များ (CBUs) ရောင်းချမှုသည် ပြည်တွင်း၌ တင်သွင်းသည့်နှုန်းထက် ၄၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုသောမော်တော်ယာဥ် များကို အခွန်မဲ့ဖြင့်တင်သွင်းခွင့်ရှိသောကြောင့် CBUs များ‌ရောင်းချ မှုသည် ပြည်တွင်း၌ပိုမို ကောင်းမွန်တိုးတက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့အပြင် ဗီယက်နမ်ကုန်သည်များသည် လျှော့စျေးပေးခြင်း၊ မှတ်ပုံတင်ကြေးများပံ့ပိုးပေးခြင်းနှင့် လက်ဆောင်ထုပ်များပေးခြင်း အပါအဝင် အမျိုးမျိုးသောပရိုမိုးရှင်းလှုပ်ရှားမှုများကို လုပ်ဆောင်၍ နိုင်ငံတွင်းသို့ တင်သွင်းလာသောကားများအား ပြည်တွင်၌ ဝယ်လိုအားမြင့်တက်အောင် ဆွဲဆောင်နိုင်ခဲ့ကြသည်။

      အစိုးရအနေဖြင့် ပြည်တွင်း၌တပ်ဆင်ထားသော မော်တော်ယာဥ်များအတွက်ရေရှည်ယှဥ် ပြိုင်နိုင်စွမ်းရှိစေရန် ကျိုးကြောင်းဆီလျှော်သော အစီအမံများချမှတ်သင့်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source : Vietnamnews

DOCA(ရန်ကုန်)